Latest News

Wednesday, April 20, 2016

ဧပြီလ(တတိယ) ဆယ်ရက်ပတ် အတွက် စိုက်ပျိုးရေး မိုးလေဝသ န့်မှန်းချက်

၂၀၁၆ ခုနှစ်၊ ဧပြီလ(ဒုတိယ)ဆယ်ရက်ပတ်အတွင်း စိုက်ပျိုးရေး မိုးလေ၀သ အေ‌ခြ အနေ အကျဉ်းချုပ် နှင့်၂၀၁၆ ခုနှစ်၊ ဧပြီလ(တတိယ) ဆယ်ရက်ပတ် အတွက် စိုက်ပျိုးရေး မိုးလေဝသ န့်မှန်းချက်

၂၀၁၆ခုနှစ်၊ ဧပြီလ(ဒုတိယ)ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော မိုးလေ၀သ အခြေအနေများပေါ် မူတည်၍ စိုက်ပျိုးရေးဆိုင်ရာ မိုးလေ၀သ အချက် အလက်များ အကျဉ်းချုပ်ကို အောက်ပါအတိုင်း ဆန်းစစ်ဖေါ်ပြ အပ်ပါသည်။

ဘင်္ဂလားပင်လယ်အော်အခြေအနေ--- ၂၀၁၆ ခုနှစ်၊ ဧပြီလ(ဒုတိယ) ဆယ်ရက်ပတ်အတွင်း- ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါသည်။

မိုးရွာသွန်းမှုအခြေအနေ----၂၀၁၆ ခုနှစ်၊ ဧပြီလ(ပထမ)ဆယ်ရက်ပတ်အတွင်း မိုးရွာသွန်းမှုအခြေအနေများမှာ- စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)တွင် ဧပြီလ(ဒုတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်ခန့်သာရှိခဲ့ပြီး၊ ကချင်ပြည်နယ် တွင် ဧပြီလ(ဒုတိယ) ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်ထက်ပိုခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့၏ မြို့ကြီးများတွင် ဧပြီလ (ဒုတိယ) ဆယ်ရက်ပတ်၏ ပျမ်းမျှ မိုးရေချိန်တို့‌အောက် လျော့နည်းခဲ့ပါသည်။

မိုးရွာရက်များ အနေဖြင့်--- စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့တွင် (၁)ရက်မှ (၂)ရက်နှင့် ကချင်ပြည်နယ်တွင် (၇)ရက် နေရာကွက်ကျားမိုးထစ်ချုန်းရွာခဲ့ပြီး၊ ကျန်တိုင်းဒေ သကြီး နှင့် ပြည်နယ်တို့၏ မြို့ကြီးများတွင် မိုးရွာသွန်းခြင်း မရှိခဲ့ပါ။

အမြင့်ဆုံးအပူချိန်အခြေအနေ---၂၀၁၆ခုနှစ်၊

ဧပြီလ(ဒုတိယ) ဆယ်ရက်ပတ်အတွင်း (နေ့အပူချိန်) အခြေအနေများမှာ- ကချင်ပြည်နယ်တွင် ဧပြီလ(ဒုတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှအမြင့်ဆုံး အပူချိန်ခန့်သာရှိခဲ့ပြီး၊ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်း ပြည်နယ်(မြောက်ပိုင်းနှင့်တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် (၈)ဒီဂရီဖာရင်ဟိုက်မှ (၉)ဒီဂရီဖာရင်ဟိုက်အထိ၊ စစ်ကိုင်းတိုင်းဒေ သကြီး(အောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင် (၁၀)ဒီဂရီဖာရင် ဟိုက်မှ (၁၂)ဒီဂရီဖာရင်ဟိုက်အထိနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့၏ မြို့ကြီးများတွင် (၃)ဒီဂရီဖာရင်ဟိုက်မှ (၆)ဒီဂရီဖာရင်ဟိုက်အထိ ဧပြီလ(ဒုတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှအမြင့်ဆုံး အပူချိန်တို့ထက် ပိုခဲ့ပါသည်။

အနိမ့်ဆုံးအပူချိန်အခြေအနေ---- ၂၀၁၆ ခုနှစ်၊

ဧပြီလ(ဒုတိယ)ဆယ်ရက်ပတ်အတွင်း (ညအပူချိန်) အခြေအနေများမှာ- စစ်ကိုင်းတိုင်း ဒေသကြီး(အထက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်း)၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် (၇)ဒီဂရီဖာရင်ဟိုက်မှ (၉)ဒီဂရီဖာရင်ဟိုက်အထိ၊ စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း)နှင့် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) တို့တွင် (၁၁)ဒီဂရီဖာရင်ဟိုက်မှ (၁၂)ဒီဂရီဖာရင်ဟိုက်အထိ၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် (၁၃)ဒီဂရီဖာရင်ဟိုက်မှ (၁၄)ဒီဂရီဖာ ရင်ဟိုက်အထိနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့၏မြို့ကြီးများတွင် (၃)ဒီဂရီဖာရင်ဟိုက်မှ (၆)ဒီဂရီဖာရင်ဟိုက်အထိ ဧပြီလ(ဒုတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံး အပူချိန်တို့ထက် ပိုခဲ့ပါသည်၊၊

လေထုအတွင်းရေငွေ့ပါဝင်မှုအခြေအနေ---- ၂၀၁၆ ခုနှစ်၊ ဧပြီလ(ဒုတိယ) ဆယ်ရက်ပတ်အတွင်း (လေထုစိုထိုင်းဆ)မှာ- မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် (၄၈%)မှ (၅၈%)၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် (၇၀%)မှ (၇၃%)အကြား၊ ရခိုင်ပြည်နယ်တွင် (၈၃%)ခန့်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့၏ မြို့ကြီးများတွင် (၆၂%)မှ (၆၉%) အကြားတို့တွင် အသီးသီး ရှိခဲ့ပါသည်။

ပင်ငွေ့ရေငွေ့ပျံနှုန်းအခြေအနေ----၂၀၁၆ ခုနှစ်၊ ဧပြီလ(ဒုတိယ)ဆယ်ရက် ပတ်အတွင်း (ပင်ငွေ့ရေငွေ့ပျံနှုန်း) အခြေအနေမှာ- ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် (၃၈-မီလီမီတာ)မှ (၄၅-မီလီမီတာ) အတွင်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း နှင့်အနောက်ပိုင်း)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် (၆၂-မီလီမီတာ)မှ (၆၈-မီလီမီတာ) အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီး(‌အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် (၇၀-မီလီမီတာ)မှ (၇၄-မီလီမီတာ)အတွင်း၊ မကွေးတိုင်းဒေသကြီးတွင် (၈၅-မီလီမီတာ)ခန့်နှင့် ကျန်တိုင်းဒေ သကြီးနှင့် ပြည်နယ်တို့၏မြို့ကြီးများတွင် (၅၂-မီလီမီတာ)မှ (၅၉-မီလီမီတာ) အတွင်းတို့တွင် အသီး သီးရှိခဲ့ပါသည်။

မြေဆီလွှာအောင်းရေအခြေအနေ----၂၀၁၆ ခုနှစ်၊ ဧပြီလ(ဒုတိယ) ဆယ်ရက်ပတ်အတွင်း မြေဆီလွှာစိုစွတ်မှုအခြေအနေမှာ- တိုင်းဒေ သကြီးနှင့် ပြည်နယ်တို့၏ မြို့ကြီးများတွင် မြေဆီလွှာအောင်းရေ အခြေအနေ သည်(ခြောက်သွေ့)အခြေအနေတို့တွင် အသီးသီး ရှိခဲ့ပါသည်။

၂၀၁၆ ခုနှစ်၊ ဧပြီလ(တတိယ)ဆယ်ရက်ပတ်အတွက် စိုက်ပျိုးရေး မိုးလေဝသ(ပျမ်းမျ)ခန့်မှန်းချက်

Ref; မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
မြ၀တီ

No comments:

Post a Comment