Latest News

Friday, April 29, 2016

မအူပင်တက္ကသိုလ်မှ ပါမောက္ခချုပ်နှင့်ဒုတိယပါမောက္ခများသိရှိနိုင်ပါရန်

မအူပင်တက္ကသိုလ်အဝေးသင်ဌာနမှစာရေးများနှင့်စာရေးမများသည် ယနေ့ ၂၅ ၄ ၂၀၁၆ ရက်နေ့
တွင် စတုတ္ထနှစ် Assignment ပနှစ်ဝက်နှင့်ဒုနှစ်
ဝက်များအားရေးပြီး၍ လာရောက်တင်သောအခါ
တွင် လက်မခဲဘဲ ၂ ၅ ၂၀၁၆ တနင်္လာနေ့တွင်မှ
လက်ခံမည်ဟုပြောပါသည် Assignment စာအုပ်အဖုံးပေါ်တွင် ပနှစ်ဝက်အတွက်တင်သွင်းရမည့်နောက်ဆုံးရက် ၃၀ ၆ ၂၀၁၆ နှင့် ဒုနှစ်ဝက်အတွက်တင်သွင်းရမည့်နောက်ဆုံးရက် ၃၁ ၈ ၂၀၁၆ ဟုသာပါရှိပါသည် တင်သွင်းရမည်ကို မည်သည့်ရက်တွင်မှတင်သွင်းရမည်ဟုမပါရှိသည့်အတွက် Assignment ရေးရန်စာအုပ်ထုတ်ပြီးသည်နှင့် ရေးပြီးလျှင် စနေ တနင်္ဂနွေ နှင့်အများပြည်သူရုံးပိတ်ရက်မှအပ လက်ခံရပါမည်ဟုနားလည်ထားပါသည် ယခုကဲ့သို့လက်မခံချင်လျှင် အစကတည်းက ထင်သာမြင်သာသောနေ့ရက်တွင် ( ဥပမာ ပနှစ်ဝက်အတွက် Assignment များကို ဘယ်နေ့တွင်မှလက်ခံပါမည် စတုတ္ထနှစ်အတွက် ဘယ်နေ့မှလက်ခံပါမည် ) ဟုစာများကပ်ထားသင့်ပါသည် ယခုကဲ့သို့ပြုမှုခြင်းသည်အဝေးမှလာရောက်သောကျောင်းသားများအားစော်ကား
ခြင်းသာဖြစ်ပါသည် ။

Assignment များထုတ်ချိန်တွင်ကိုယ်တိုင်ထုတ်မှ Assignment တင်ချိန်တွင်လည်း ကိုယ်တိုင်တင်မှဟုပြောပါသည် ကိုယ်တိုင်လာရောက်တင်သောလည်း ယခုကဲ့သို့ပြုမှုပါသည် အဝေးသင်ကျောင်းသား/သူဆိုတာ အကြောင်းအမျိုးမျိုးကြောင့် Day မတက်ဖြစ်၍အဝေးသင်တက်နေကြတာပါ တချို့ဆိုလည်း အလုပ်လုပ်ရင်းတက်နေကြတာပါ ကိုယ့်ရဲ့ချလံကိုစိတ်မချရဘဲ Assignment ထုတ်ခိုင်းပါ့မလား သူငယ်ချင်းသွားမှာမို့လို့Assignment ထုတ်ဖို့ချလံပေးလိုက်ပါတယ် သူငယ်ချင်းကပြန်ယူလာတယ် ကိုယ်တိုင်မှဆိုလို့လာခဲ့ပါတယ် Assignment ကုန်နေလို့ပြန်ခဲ့ရပြီး နောက်ထပ်၂ ခေါက်ထပ်သွားရပါတယ် တတိယမြောက်သွားတဲ့အခေါက်မှာရခဲ့ပါတယ်
အထည်ချူပ်မှာအလုပ်လုပ်နေတဲ့အတွက်ခွင့်ယူဖို့ပြောရတာတကယ်ကိုမလွယ်ပါဘူး တင်ပြန်တော့လည်းအမှတ်မရှိသူငယ်ချင်းရဲ့ညီမလေးပထမနှစ်နဲ့ထည့်ပေးလိုက်တယ် ကိုယ်တိုင်တင်ရမယ်ပြောလို့သမီးကြောက်လို့မတင်ရဲဘူးတဲ့ (အဲ့အချိန်ကတင်လို့ရလျှင်လည်းလက်ခံမည်မဟုတ်ပါ ဒီနေ့ထိတောင်လက်မခံသေးလို့ပါ ) အဲ့ဒီအတွက်ကိုယ်တိုင်လာတော့လည်းတနင်္လာနေ့မှတဲ့
အဝေးသင်မှတာဝန်ရှိလူကြီးမင်းများရှင့် မိမိချလံနှင့်Assignment ရေးပြီးသားစာအုပ်များအားစိတ်မချရဘဲမည်သူ့ကိုမှ Assignment စာအုပ်မထုတ်ခိုင်းမတင်ခိုင်းရဲပါ
စိတ်ချလို့ရ၍သာတင်ခိုင်းထုတ်ခိုင်းခြင်းဖြစ်ပါသည် မိသာစုစားဝတ်နေရေးအတွက်တစ်ဖက်တစ်လမ်းမှအလုပ်လုပ်၍ကျောင်းတက်နေခြင်းဖြစ်ပါသည် ကိုယ်ချင်းစာတရားလေးထားပေးပါ လူကြီးမင်း၏ထုတ်ပြန်ထားသောမူအရဆိုလျှင် အဝေးသင်ဌာနမှစာရေးမများ အခကြေးငွေယူပြီး
ကျောင်းအပ်လက်ခံနေသည်မှာတရားဝင်ပါသလားရှင်ကျွန်မတို့ကျောင်းအပ်စဉ်က လူကြီးမင်းထံမှာလက်မှတ်ထိုးစဉ်အချိန်တုန်းက ကိုယ်တိုင်အပ်တာလားဟုမေးခဲ့ပါသည် လူကြီးမင်းလက်မှတ်ရမှကြွေးကျနိစစ်ငွေသွင်းရတာပါ။

ကျွန်မသူငယ်ချင်းရဲ့ညီမကအဝေးသင်မှစာရေးမတစ်ဦးအားကျောင်းအပ်ခိုင်းပြီAssignment ပါရေးခိုင်းခဲ့ပါတာပါ အဲ့ဒီလိုကျရင်လည်းလူကြီးမင်းလက်မှတ်ထိုးပြီမှကြွေးကျန်စစ်လို့ရမယ်ထင်ပါတယ် ကိုယ်တိုင်အပ်ခိုင်းလို့လူကြီးမင်းပြောခဲ့ပါသေးလား အဲ့ဒီစာရေးမတွေကကော Assignment ကိုယ်တိုင်ထုတ် ကိုယ်တိုင်တင်ရတာပဲလား မူတစ်ခုစည်းမျဉ်းတစ်ခုကိုပြုလုပ်မယ်ဆိုရင်တစ်သမက်တည်းလုပ်ပါရှင့် အခုတော့နှိမ်နင်းလို့ရတဲ့ကျောင်းသား/သူတွေကိုတော့ ကိုယ်တိုင် မှဆိုတဲ့စကားတစ်ခွန်းနဲ့ပြောဆိုထားပြီးမိမိလက်အောက်မှဝန်ထမ်းများကျတော့လွှတ်ထားတဲ့မူလေးကိုပြင်ပါဦး သားသမီးချင်းကိုယ်ချင်းစာတရားလေးထားပါ စာရေးမတွေကိုပေးထားခဲ့သည့်သူတွေကလည်းသူတို့ယုံကြည်စိတ်ချ၍သာပေးထားခဲ့ခြင်းဖြစ်ပါတယ် အဲ့လိုပါပဲ သူငယ်ချင်းအချင်းချင်းAssignment ထုတ်ခိုင်း တင်ခိုင်းလိုက်သည်မှာလည်းယုံကြည်စိတ်ချရ၍သာဖြစ်ပါတယ်ရှင်။ စိတ်မချရဘဲ ကျွန်မတို့လဲမခိုင်းရဲပါ ။ကိုယ်တိုင်မှဆိုလျှင်လည်းကျောင်းအပ်ပြီ Assignment တစ်ခါထည်းထုတ်လို့ရအောင် (ကုန်သွားလို့မရောက်သေးလို့ဆိုတာမျိုးမဖြစ်ရအောင်) စီစဉ်ထားပေးစေခြင်းပါတယ်ရှင်။

 ရေးပြီ၍လာတင်သည့်အခါတွင်လည်း တစ်ခါထည်းလက်ခံထားစေချင်ပါတယ်ရှင် မိမိဘက်ကအားနည်း
ချက်အားမပြင်ဆင်နိုင်လျှင်ကျောင်းသာ/သူများအားစည်းကမ်းထုတ်ထားသည်အချက်များအားပြင်ဆင်စေချင်ပါသည် အခုအဖြစ်အပျက်တွေကရှေးလူကြီးတွေထားခဲ့တဲ့စကားပုံလို "လူကိုခင်လျှင်မူကိုပြင် လူကိုမုန်းလျှင်မူကိုသုံး"ဖြစ်နေပါသည်ရှင် အေ။
ဝးသင်ကျောင်းသား/သူများကိုယ်စားတင်ပြအပ်ပါသည် ကိုယ်တိုင်ဆိုသည့်မူကိုချမှတ်ထားသည့်အကြောင်းရင်းလေးကိုရှင်းပြပေးစေခြင်ပါသည်ရှင် တစ်ချို့ဆိုမိဘတွေကိုယ်တိုင်အိုကြီးအိုမနှင့်နေပူခံပြီးကျောင်းအပ် Assignmentတင်နေတာတွေတွေ့ရလို့ပါရှင်
အဝေးသင်ကျောင်းသူတစ်ဦး

အမုန်း


No comments:

Post a Comment