Latest News

Wednesday, April 27, 2016

ပေးစာကဏ္ဍ-လက်ရှိအစိုးရသစ်ကို စိန်ခေါ်နေသော ခရိုနီများလယ်သမားအရေးအခင်းများအား ဆက်တိုက်ဖန်တီးနေ


မအူပင်မြို့နယ်အတွင်းရှိ သောင်ဇားကျေးရွာတွင် မြန်မာပြည်အာဏာရှင်ဟောင်းများနှင့် မိတ်ဖက်မြန်မာနိုင်ဂရုကုမ္ပဏီမှလယ်သမားများ၏ ရိတ်သိမ်းပြီးစနှင့် ရိတ်သိမ်းစဲလယ်မြေများ
အတွင်း ခွင့်ပြုချက်တစ်စုံတရာမရှိပဲ အတင်းဝင်ရောက်ကန်ပတ်နေသည်မှာဧပြီလ ၂၁နေ့မှယနေ့၂၇ရရက်နေ့အထိရှိပြီဖြစ်သည်။
ဧကပေါင်း ရာနှင့်ချီ၍ပျက်စီးခဲ့ရသည်ဟု ဒေသခံလယ်သမားများ၏ သတင်းပေးချက်အရ သိရှိရပါသည်။ ဒေ
သခံများ၏ တိုင်ကြားချက်အရ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ငါးလုပ်ငန်းဦးဌာန မြို့နယ်မြေစာရင်းဌာနတို့မှတားစီးအမိန့်စာများ ထုတ်ပြန်ပေးခဲ့ပြီးရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များမှလည်း ဆက်လက်မတူးရရန် ပန်ကြားခဲ့ကြောင်းသိရှိရပါသည်။ သို့သော်ကုမ္ပဏီမှ ဥပဒေမဲ့စွာဆက်
လက်တူးဖော်နေ၍ လယ်သမားများနှင့် ထိပ်တိုက်တွေ့၍မလိုလားအပ်သော ပြဿ နာများ ဖြစ်ပွားလာနိုင်ပါသဖြင့်အထက်အစိုးရ အာဏာပုင်များအနေဖြင့် အချိန်မှီသိရှိဖြေရှင်းရနလိုအပ်နေပါသည်။ အဆိုပါကိစ္စရပ်မျိုးများသည်မအူပင်မြို့နယ်အတွင်း မြေလွတ် မြေလပ်နှင့် မြေရိုင်းဥပဒေများအား ကုမ္ပဏီများမှစတင်ချိုးဖောက်မှုကြောင့်ဖျက်သိမ်းမိန့်များဆောင်ရွက် ရာ၌အချိန်နှောင့်နှေးမှုကြောင့်ဖြစ်ပေါ်လာရခြင်းဖြစ် ပါသည်။အလားတူကိစ္စမျိုး မအူပင်မြို့နယ် အောင်ဘုံ ကျုံဝါး သဲဖြူ ငါးဖားအိုင် သိုက်ကုန်း
ကျေးရွာအုပ်စုများ အတွင်းရွှေဝါရတနာကုမ္ပဏီနှင့်တောင်သူများအကြားမကြာသေးမှီကဖြစ်ပွားခဲ့သေးပါ
သည်။ သို့ပါ၍ သက်ဆိုင်ရာမှအချိန်မှီဖြေရှင်းကူညီနိုင်ပါရန် တင်ပြအပ်ပါသည်။
သင်၏share တစ်ချက်ဖြင့်လယ်သမားများကူညီပါ/။
Zar Ni 




No comments:

Post a Comment