Latest News

Friday, April 22, 2016

ဧရာဝတီတိုင်းဒေသကြီးတွင် ကျေးရွာပေါင်း ၃၀ ရေလိုအပ်ချက်ဖြစ်ပေါ်


စည်သူမောင်မောင်


ပုသိမ်၊ ဧပြီ ၂၂ ။              ။ ဧရာဝတီတိုင်း​ဒေကြီး၊မြို့နယ်​ ၈မြို့၊​ကျေးရွာ၃၀၊အိမ်​​ခြေ ၄၃၈၅စု မှ လူဦး​ရေ ၁၆၈၈၅ ဦးမှာ ​ရေလိုအပ်​ချက်​ဖြစ်​​ပေါ်​နေ​ကြောင်း ​ကျေးလက်​​ဒေသဖွံဖြိုး တိုးတက်​​ရေးဦးစီးဌာန မှသိရှိရသည်​။

"ကျေးရွာများမှ ရေလိုအပ်ချက်ဖြစ်တာနဲ့ ဌာနကိုဆက်သွယ်တာမျိုးလုပ်စေချင်တယ်၊ ကျွန်တော်တို့မသိပဲရေပြတ်တာတွေကြားနေတယ် ဆက်သွယ်စေချင်တယ် ကူညီချင်လိုပါ"ဟု ဧရာဝတီတိုင်းဒေသကြီး ၊ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးဦစိုးသန်းကမဇ္ဈိမသို့ပြောသည်​။

ဧရာဝတီတိုင်း​ဒေသကြီး၊ပုသိမ်​၊ငပု​တော၊​ရေကြည်​၊ကြံခင်း၊လပွတ္တာ၊​မော်​လမြိုင်​ကျွန်း၊ဖျာပုံနှင့်​ဘိုက​လေးမြို့များမှ ​ကျေးရွာ၃၀တွင်​​ရေလိုအပ်​ချက်​ရှိ​နေပြီး၊လပွတ္တာမြို့တွင်​အများဆုံးဖြစ်​​ပေါ်​နေသည်​။

ရေပြတ်​လပ်​တဲ့လို့သတင်းရရင်​ ကျွန်​​တော်​တို့ဌာနရယ်​ ​ထွေအုပ်​၊NGO၊မီးသတ်​တို့​​ပေါင်းသွားတယ်​၊ကုန်​ကျစရိတ်​ကို ကျွန်​​တော်​တို့ဌာန က ခံတယ်​၊​ကျေးရွာအုပ်​ချုပ်​​ရေးမှူး​တွေမှာ ​ကျေးလက်ဦးစီးဌာန မြို့နယ်​ဦးစီးမှူး ဖုန်းနံပါတ်​များ​ပေးထား​ကြောင်း ညွန်​ကြား​ရေးမှူးဦးစိုးသန်းက ပြောသည်​။

"ဧပြီ၅ရက်​​နေ့အထိ ​ကျေးရွာ၁၄ရွာပဲရှိ​သေးတယ်​၊အခုထပ်​တိုးလာတယ်​၊မနှစ်​က ​ရေပြတ်​တဲ့ရွာ၁၄၀​လောက်​ရှိတယ် မေလအလယ်​အထိ၊ဒီနှစ်​ကထပ်​တိုးလာနိုင်​တယ်။"ဟု ၄င်းကပြောသည်​။

ဧရာဝတီတိုင်း​ဒေသကြီး၊၁၈မြို့နယ်​မှ​ကျေးရွာစုစု​ပေါင်း၄၄၆ရွာ၊အိမ်​​ခြေ၅၆၉၆၆မှ လူဦး​ရေ၂၅၀၂၃၂ ဦးအတွက် ကုန်​လမ်း၊​ရေလမ်းဖြင့်​သွား​ရောက်​​ရေ​ပေး​ဝေရန်​ဆီဖိုးခန့်​မှန်းကုန်​ကျ​ငွေ၆၂၉၂၁၂၅၀၀ကျပ်​ရှိနိုင်​ကြောင်းခန့်​မှန်​ထားသည်​။

- See more at: http://mizzimaburmese.com/article/13445#sthash.1rbAGH6r.jk41HwAl.dpuf

No comments:

Post a Comment