Latest News

Tuesday, April 12, 2016

ပုသိမ်သင်္ကြန်နဲ့ ကြားရတဲ့အသံ

 ဒီနေ့(၁၂-၄-၂၀၁၆)မှာ ပုသိမ်မှာ သင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲလုပ်ပါတယ်၊
သူများတိုင်းတွေ ပြည်နယ်တွေမှာ သင်္ကြန်ကိစ္စ မြင်သာထင်သာပြောင်းလဲပေမယ့် ဧရာဝတီမှာတော့ ဘာမှ မပြောင်းလဲပါ၊အစီအစဉ်မကျတဲ့ ဖရိုဖရဲ အလဲလဲအကွဲကွဲ နဲ့ ဘောမတွေ၊ ပူးသတ်မယ့်သူတွေကြီးစိုးတဲ့ သင်္ကြန်ဖွင့်ပွဲပေါ့
ခပ်ရိုင်းရိုင်းပြောရရင် စောက်တလွဲ ဖွင့်ပွဲလေ၊ယိမ်းကတဲ့ ခလေးတွေကိုလူအုပ်ကြားထဲက မနည်း ဆွဲထုတ်ရတဲ့အခြေအနေ၊ဘွက်ရေနဲ့ပက်တဲ့ သင်္ကြန်ရေ၊ပါတီက ဘာမှမဟုတ်တဲ့ကောင်တွေက ၀န်ကြီးချုပ် ဖလားထဲက
ရေယူ ပက်သတဲ့၊သံချပ်အလှပြယာဉ်တွေက ယာဉ်ကြောပိတ်သွားလို့ နောက်ဆုတ်ပြန်လှည့်ရသတဲ့၊၀န်ကြီးချုပ်ကားကပြန်သွားပြီ၊၀န်ကြီးကားတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ကားတွေ လူကြားထဲပိတ်မိနေသတဲ့၊
မနှစ်ကလည်း ဒီလူတွေဘဲ၊ဒီနှစ်လည်း ဒီလူတွေဘဲ၊သြဘာစာကလည်း ခုနှစ်ဘဲပြောင်းတယ်၊ဖွင့်ပွဲမိန့်ခွန်းကလည်း မနှစ်က
အတိုင်းဘဲ၊ပြောင်းသွားတာက ခုနှစ်သက္ကရာဇ်နဲ့ အစိုးရအဖွဲ့ပဲရှိတယ်၊မြို့မိမြို့ဖဆိုတာလည်း မပြောင်းဘူး၊ဘောမတွေလည်း မပြောင်းဘူး၊ပူးသတ်မယ့် ကောင်တွေတောင် ထပ်ပေါ်လာနေပြီ၊
ဒီအတိုင်းသာ ဆက်သွား၊နောင်၅နှစ် မကြာပါဘူး၊တိုင်းအစိုးရ ဝေလေလေဘဲဖြစ်သွားမှာဘဲ၊
လက်သန်းလေးရေ မင်းကို ကြည့်ပြီး ကိုယ်နောင်တ မရချင်ဘူး-------


















No comments:

Post a Comment