Latest News

Sunday, April 10, 2016

ငပုေတာတြင္ ေရျပတ္လတ္မႈ ဆိုးဆိုးဝါးဝါး ျဖစ္ေပၚ

ပုသိမ္၊ ဧၿပီ ၁၀

ငပု​ေတာၿမိဳ႕နယ္​၊​ ေက်းရြာ မ်ားတြင္​ ​ေရငံ ဝင္​​ေရာက္ ​မႈ​ေၾကာင္​့ ​ေသာက္​သုံး​ေရ အခက္​ အခဲမ်ား စတင္​ျဖစ္​​ေပၚ​ ေန​ေၾကာင္​း အမ်ိဳးသား လႊတ္​​ေတာ္​ ကိုယ္​စားလွယ္ ​ဦးစိုးမိုးက မ​​ဇၩိမသုိ႔ ​ေရျပတ္​လတ္​ မႈအား ​ေျပာသည္​။

"​ေရငံဝင္​​ေရာက္​​ေတာ့ ​ေသာက္​လို႔မရ​ေတာ့ဘူး​ေလ၊​ ေရ​ေပး​ေဝတာ ျပႆနာကို လတ္​တ​ေလာ​ေျဖ႐ွင္​းတာ​ေပါ့၊တခ်ိဳ​ေက်းရြာ​ေတြ ​ေရတူး​ေတာ့ ​ေက်ာက္​ဖ်ာခံ​ေနတာ​ေတြလည္​းရိွတယ္​။ ပညာ႐ွင္​​ေတြန႔ဲအ​ေျဖ႐ွာမယ္​။ ဘယ္​လိုလုပ္​သင္​့တယ္​ဆိုတာကို​ေပါ့"ဟု ဧရာဝတီတိုင္​း​ေဒသႀကီးအမွတ္​၁ အမ်ိဳးသားလႊတ္​​ေတာ္​ကိုယ္​စားလွယ္​ ဦးစုိးမိုးက မဇၩိမ သို႔​ေျပာသည္​။

ငပု​ေတာၿမိဳ႕က တခ်ိဳ​ေက်းရြာ​မ်ားတြင္ မတ္လ ဒုတိယပတ္က စတင္ၿပီး ေရျပတ္လတ္ခဲ့ကာ ယင္း ေရျပႆနာကို လႊတ္ေတာ္တြင္ ေဆြးေႏြးသြားရန္ရွိေၾကာင္း ၎က ေျပာသည္။

"ခ်ိဳး​ေရအ​ေနန႔ဲ​ေတာင္​ သုံးမရဘူး။ ေရခ်ိဳစပ္​ၿပီးသုံး​ေနရတယ္​၊။ ေသာက္​သုံး​ေရ အဓိကပဲ။ ​ေရ​ေတာ့ျမင္​ရတယ္​ သုံးမရဘူး ​ေရငံဝင္​​ေနတာ"ဟုငပု​ေတာၿမိဳ႕နယ္​ ၊ျခံကြင္​း​ေက်းရြာ​ေန ဦးတင္​လွက​ေျပာသည္​။

ငပု​ေတာၿမိဳ႕နယ္​၊ ​ပင္​လယ္​ပိုင္​း​ေဒသမ်ားတြင္​​ ေရငံဝင္​မႈမ်ား မတ္​လမွစတင္​ ​ေသာက္​​ေရျပတ္​လပ္​မႈမ်ားျဖစ္​​ေပၚ​ေနၿပီး၊တခ်ိဳ ​ေဒသမ်ားသုိ႔ ​ေရကို ပုံးမ်ားႏွင္​့ သ​ေဘာၤမ်ားပုသိမ္​ၿမိဳ႕မွ​ေပးပို႔ျခင္​း၊​ ေရသယ္​ကားျဖင္​့ ​ေက်းရြာမ်ားသုိ႔ ​ေရ​ေပး​ေဝျခင္​းမ်ားအား ကိုယ္​စားလွယ္​မ်ားႏွင္​့ပုသိမ္​ၿမိဳ႕ရိွ လူမႈ​ေရးအဖြဲ႔အစည္​းမ်ား ျပဳလုပ္​​ေပး​ေၾကာင္​းသိရိွရသည္​။

မဇၩိမသတင္း by စည္သူေမာင္ေမာင္

Originally published at - http://mizzimaburmese.com/article/13308
.............
ငပုတောတွင် ရေပြတ်လတ်မှု ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်

ပုသိမ်၊ ဧပြီ ၁၀

ငပု​တောမြို့နယ်​၊​ ကျေးရွာ များတွင်​ ​ရေငံ ဝင်​​ရောက် ​မှု​ကြောင်​့ ​သောက်​သုံး​ရေ အခက်​ အခဲများ စတင်​ဖြစ်​​ပေါ်​ နေ​ကြောင်​း အမျိုးသား လွှတ်​​တော်​ ကိုယ်​စားလှယ် ​ဦးစိုးမိုးက မ​​ဇ္ဈိမသို့ ​ရေပြတ်​လတ်​ မှုအား ​ပြောသည်​။

"​ရေငံဝင်​​ရောက်​​တော့ ​သောက်​လို့မရ​တော့ဘူး​လေ၊​ ရေ​ပေး​ဝေတာ ပြဿနာကို လတ်​တ​လော​ဖြေရှင်​းတာ​ပေါ့၊တချို​ကျေးရွာ​တွေ ​ရေတူး​တော့ ​ကျောက်​ဖျာခံ​နေတာ​တွေလည်​းရှိတယ်​။ ပညာရှင်​​တွေနဲ့အ​ဖြေရှာမယ်​။ ဘယ်​လိုလုပ်​သင်​့တယ်​ဆိုတာကို​ပေါ့"ဟု ဧရာဝတီတိုင်​း​ဒေသကြီးအမှတ်​၁ အမျိုးသားလွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးစိုးမိုးက မဇ္ဈိမ သို့​ပြောသည်​။

ငပု​တောမြို့က တချို​ကျေးရွာ​များတွင် မတ်လ ဒုတိယပတ်က စတင်ပြီး ရေပြတ်လတ်ခဲ့ကာ ယင်း ရေပြဿနာကို လွှတ်တော်တွင် ဆွေးနွေးသွားရန်ရှိကြောင်း ၎င်းက ပြောသည်။

"ချိုး​ရေအ​နေနဲ့​တောင်​ သုံးမရဘူး။ ရေချိုစပ်​ပြီးသုံး​နေရတယ်​၊။ သောက်​သုံး​ရေ အဓိကပဲ။ ​ရေ​တော့မြင်​ရတယ်​ သုံးမရဘူး ​ရေငံဝင်​​နေတာ"ဟုငပု​တောမြို့နယ်​ ၊ခြံကွင်​း​ကျေးရွာ​နေ ဦးတင်​လှက​ပြောသည်​။

ငပု​တောမြို့နယ်​၊ ​ပင်​လယ်​ပိုင်​း​ဒေသများတွင်​​ ရေငံဝင်​မှုများ မတ်​လမှစတင်​ ​သောက်​​ရေပြတ်​လပ်​မှုများဖြစ်​​ပေါ်​နေပြီး၊တချို ​ဒေသများသို့ ​ရေကို ပုံးများနှင်​့ သ​ဘောင်္များပုသိမ်​မြို့မှ​ပေးပို့ခြင်​း၊​ ရေသယ်​ကားဖြင်​့ ​ကျေးရွာများသို့ ​ရေ​ပေး​ဝေခြင်​းများအား ကိုယ်​စားလှယ်​များနှင်​့ပုသိမ်​မြို့ရှိ လူမှု​ရေးအဖွဲ့အစည်​းများ ပြုလုပ်​​ပေး​ကြောင်​းသိရှိရသည်​။

မဇ္ဈိမသတင်း by စည်သူမောင်မောင်

Originally published at - http://mizzimaburmese.com/article/13308



No comments:

Post a Comment