Latest News

Saturday, February 27, 2016

မအူပင်မြို့နယ် ပညာရေးဌာနမှ မူလတန်းကျောင်း ဆရာ၊ ဆရာမများ အတွက် လစာထုတ်ယူရာ တွင် ငါးထောင်တန် ဘဏ်ထုပ် သိန်းငါးဆယ် စည်း အတွင်း စက္ကူဖြတ်စများ ရောနှော ပါဝင်ခဲ့ဟုဆို


မအူပင်၊ ဖေဖော်ဝါရီ ၂၇- မအူပင် မြို့နယ် ပညာရေးဌာနမှ မူလတန်း ကျောင်းဆရာ၊ ဆရာမများအတွက် လစာထုတ်ယူရာတွင် ငွေကျပ် ၅၀၀၀ တန်များဖြင့် ထုပ်ပိုးထားသော သိန်း ငါးဆယ် အစည်း အတွင်း A4 စက္ကူ ဖြတ်စများ ရောနှောထားမှုဖြစ်ပွားခဲ့ ကြောင်းသိရသည်။
မအူပင်မြို့ နယ်ရှိ အခြေခံပညာ ရေးဝန်ထမ်းများအား လစာထုတ်ပေး မည့် ငွေကျပ်ပေါင်း ၂၀၁,၀၂၅,၁၄၀ ကို ဒုတိယမြို့နယ်ပညာရေး မှူး ဦး မြင့်စိုးနှင့် ကျောင်းအုပ်ကြီးများအ ပါအဝင် ငါးဦး သည် မအူပင်မြို့ မြန် မာ့စီးပွားရေးဘဏ်မှ ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၁ဝနာ ရီ ခန့်တွင် ထုတ်ယူခဲ့ပြီး လစာထုတ်ပေးရေးအဖွဲ့ (၄)ဖွဲ့သို့ ထုတ်ပေးခဲ့ကြောင်း၊ လစာ ထုတ်ရန် နယ်မြေ(၃) ထနီး၊ မလက် တို၊ လေး အိမ်စု၊ လယ်ကိုင်းကျေး ရွာများရှိ ကျောင်းများအတွက် ကျပ် ၅၁,၂၆၂,၈၅၅ကို လစာထုတ်ပေးရေး အဖွဲ့ခေါင်းဆောင်များသို့ ထုတ်ပေး ခဲ့ပြီးနောက် ယင်းအဖွဲ့(၃)မှ လစာ ထုတ်ပေး မည့်နေရာ မဟာဗောဓိရပ် ကွက် မူလတန်းကျောင်းတွင် လစာ ထုတ်ပေးရန် စီစဉ်ချိန် ၌ ငွေကျပ် ၅ဝဝဝတန်အုပ် (၅၀၀၀*၁၀၀) အစည်း ၁ဝစည်းတွင် အတွင်းပိုင်း၌ စက္ကူဖြူများ ကြား ညှပ် ထားကြောင်း တွေ့ရှိ ရသဖြင့် ပညာရေးမှူးနှင့် အထက်တာဝန်ရှိ သူများ မြန်မာ့စီးပွားရေးဘဏ်မန်နေ ဂျာနှင့် တာဝန်ရှိသူများထံ နံနက် ၁၁ နာရီခန့်တွင် အကြောင်း ကြား ခဲ့ကြောင်း သိရသည်။
စက္ကူဖြတ်စများ ရောနှောပါဝင်နေသည့် ငါးထောင်တန် ဘဏ်ထုပ် သိန်းငါးဆယ်စည်းအား တွေ့ရစဉ်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပညာရေးဌာနဘက်မှ မိမိတို့မရိုးမ သားမပြုလုပ်ကြောင်း သေသပ်စွာ ထုတ်စည်း ထားသော ငွေစက္ကူများ ဖြစ်၍ မသိသာကြောင်းနှင့် မိမိတို့ သည် အဖွဲ့ဖြင့် ထုတ်ယူ ခြင်း ဖြစ် ကြောင်း ရှင်းပြသည်။ မြန်မာ့စီးပွားရေး ဘဏ်မန်နေ ဂျာမှလည်း မိမိတို့ဘဏ်ငွေထုတ်ပိုး ပုံစံချင်းမတူကြောင်း၊ ဘဏ်ထုတ်မ ဟုတ်ကြောင်း ငြင်း ဆိုပြီး ငွေထုတ်ရာ တွင် ကောင်တာမှ မထွက်ခွာမီ ငွေ စက္ကူများကို ရေတွက် စစ်ဆေးရန်နှင့် ငွေထုပ်ကောင်တာမှ ရယူထွက်ခွာ ပြီးနောက်ပိုင်း တွေ့ရှိသည့် လျော့ နည်းမှုများကို ဘဏ်ကလုံးဝတာဝန် ယူမည်မဟုတ်ပါဟု မြင်သာထင် သာစွာ စည်းကမ်း ထုတ်ပြန် ထားသ ဖြင့် ယခုဖြစ်စဉ်သည် ပြင်ပဖြစ်ရပ် ကိစ္စဖြစ်၍ ဘဏ်မှ တာဝန်မယူကြောင်း ပြောကြားခဲ့သည်။ အဆိုပါကျပ်၅ဝဝဝ တန်အုပ် များအတွင်း စက္ကူများရောနှောထုပ် ပိုးထားမှုဖြစ်စဉ်ကြောင့် လစာထုတ် ပေးရာတွင် ပညာရေးဝန်ထမ်းများ အဆင်ပြေစေရန်အတွက် မူလတန်း ဆရာ၊ ဆရာမ ၁၅၁၄ ဦးအား တစ် ဦးလျှင် ကျပ် ၃၃၀၃လျော့နည်း၍ ထုတ်ပေးရန် လစာ ထုတ်ခေါင်းဆောင် ကျောင်းအုပ်ဆရာကြီးများ၂၈၈ဦးမှ အစည်းအဝေးဆုံးဖြတ်၍ ဖေဖော်ဝါ ရီလအတွက် လစာငွေများ ထုတ်ပေး ခဲ့ကြောင်း သိရသည်။
NMT
CNB

No comments:

Post a Comment